Wednesday, November 28, 2012

အသိမကြွယ် ဘလော့ငယ်


ဘလော့လေးကို ဖေ့ဘွတ်မှာ ကြေငြာချင်တယ်.. ဒါမဲ့ ကြောက်တယ်.. အဲ့ဒီလောကမှာက စာရေးကောင်းတဲ့ အားကျရတဲ့ ဘလော့ဂါတွေ အများကြီးပဲ.. ဘားမှမတောက်တခေါက် မရေးတတ်ပဲနဲ့ ၀ါသနာကို အာသာပြေ ဘလော့ရေးမိတဲ့ မီးချစ်ကို ကဲ့ရဲ့နေမှာလားလို့ပေါ့...
ကြောက်စရာရှိတာကိုပဲ ကြောက်.. ရှက်စရာရှိတာကိုပဲ ရှက်.. မလိုအပ်ပဲနဲ့ အမြဲ ရှက်မနေကြောက်မနေနဲ့ လို့ ပြောတဲ့ အဖိုးရဲ့စကားကို သတိရတယ်.. ခုကျ အဖိုးလည်း မရှိတော့ပါဘူး.. အဖိုးရဲ့ မြေးဦး မီးချစ်ကြီးတော့ အရင်လို ထုံနပေအရိုးစွဲအကျင့်တွေနဲ့ စမ်းတ၀ါးဝါး လမ်းသွားနေတုန်းပဲ အဖိုးရေ...
၇ နှစ်ရက်ဆီပဲ ကြာမယ်ဆိုတဲ့ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းတွေကို သာယာနေတုန်း ၀မ်းနည်းနေတုန်း ခံစားနေတုန်းပဲ..
တခြားသူရဲ့အမြင်ကို သိပ်ကြည့်ပြီး..
မနာလိုတိုက်ခိုက်ခြင်း ခံရရင် သိပ်အားငယ်စိတ်မကောင်းဖြစ်တတ်တယ်..
စိတ်ပျော့တယ်လို့ လူတိုင်းက မှတ်ချက်ပေးတတ်ပေမယ့်.. မာချင်လည်း လူတစ်ယောက်ကို တစ်သက်လုံးလှည့်မကြည့်ပဲ ထိုသူဟာ လူပါလို့ အသိမှတ်မပြု ချစ်သည်မုန်းသည်မရှိ မခံစားပဲ နေတတ်တာကျတော့ရော...

ဘယ်လိုပဲဖြစ်ပါစေ ခုတော့ ဘလော့လေးကို လူမသိ သူမသိ တိတ်တိတ်လေး ခြယ်သနေဦးမယ်...
တချိန်ချိန်တော့ ငါ့ဘလော့လေးလဲ အများတကာလို လူဝင်ဆန့်နိုင်ပါစေလို့ ဆုတောင်းရင်း..............


ဘလော့လေးရေ
အချိန်ခါတွေကို ရေတွက်
အတွေ့ကြုံတွေ ရင့်ကျက်အောင် ကြိုးစားရင်း
အရှေ့ကို ဖြည်းဖြည်းချင်း တက်လှမ်းပါနော်

ဘလော့လေးရေ
အတွန်းထိုး အတိုက်အပုတ်တွေ ကြားမှာ
ယိမ်းယိုင်လမ်းမှား လမ်းပျောက်မသွားပါစေနဲ့ကွာ ♥♥



ဒီပို့စ်ကိုရေးသာရေးတယ်.. သူ့ဘလော့ကို သိပ်လူသိစေချင်တယ်လို့များ ထင်နေမလားလို့ စဉ်းစားနေသေးတာ
သြ ခက်ပါရဲ့ :)

2 comments:

  1. ရေးသာရေးပါ မီးချစ်ရေ
    ရေးရင်းနဲ့လက်ရည်တက်ပြီးကလောင်ထက်လာလိမ့်မယ်..

    ReplyDelete
    Replies
    1. ဟုတ်မမမာရေ.. ခုလိုအားပေးတဲ့အတွက် အရမ်းဝမ်းသာရပါတယ်

      Delete