Showing posts with label My Life. Show all posts
Showing posts with label My Life. Show all posts

Friday, December 18, 2015

သွက်လက်ချက်ချာ တစ်နေ့တာ


ခုတလော စာတွေပဲ ရေးချင်စိတ်ပေါက်နေလို့
ရုံးမဆင်းခင်လေး ပို့စ်တစ်ခုလောက် တင်ဦးမှပါ .. အင်းးး ဒီနေ့ တနေ့တာ အကြောင်းရေးမယ်
မနက် ခြောက်နာရီနှစ်ဆယ်မိနစ်မှာ အိပ်ယာနိုးပါတယ်.. ထမင်းအိုးတည်ပါတယ်.. ပထမဆုံးရက်အဖြစ် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြည့်ပါတယ် (လှချင်နေတာ ခုတလော).... စကင်းကဲ ကောင်းကောင်းဝယ်ရမှာနှမျှောလို့ အိမ်တွင်းနည်းတွေပဲ လိုက်လုပ်ဖြစ်.. ဒါတောင် မနေ့က သားသားအတွက် အကျီတစ်ထည်တော့ ဘတ်ခနဲဝယ်ပလိုက်သေးတာ.. ဒါမျိုးကျ မနှမျှော..
ကဲ ထမင်းအိုးတည်ပြီးတော့ အာလူးပြုတ်အိုးတည် ဈေးပြေး.. ငါးခြောက်သည်နဲ့ ကတောက်ကဆဖြစ်.. ကိုယ့်အတိုင်းအတာနဲ့ကို သုံးထောင်ဖိုးပဲ ယူပါမယ်ဆို ငါးထောင်ဖိုးအတင်းယူခိုင်း မယူဘူး မယူဘူး အထပ်ထပ်ပြောတော့ လေးထောင်ဖိုးထည့်လိုက်တယ်.. စိတ်ပေါက်ပေါက်နဲ့ ထားခဲ့ပြီး ထထွက်လာခဲ့တယ် ကောင်မလေး ကောင်မလေး လှမ်းအောင်တယ် လက်ခါခါ ခြေခါခါပဲ ဆက်ထွက်ခဲ့တော့ ဈေးဦးပေါက်ကြီး ယူသွားပါတဲ့.. ယူဘူး.. ဘူးဆိုဘူးပဲ
အာ့နဲ့ နဂိုမူလဘူထ သစ်သီးကုလားဟင်း (သူ့အဖေအခေါ်) အမှန်က သီးစုံပဲဟင်းလေ ချက်ဖို့ဟာကို အစီစဉ်ပြောင်းပြီး ငါးခူတွေ့တော့ သားသားချွဲကျပ်တာ ရဲယိုရွက်လေးကျွေးရဖို့ သတိရပြီး ငါးခူဝယ် မုန်လာဥချဉ်ဟင်းနဲ့တွဲမယ်ဆိုတဲ့ စိတ်ကူးနဲ့ မုန်လာဥ၀ယ် ရဲယိုရွက်လိုက်ပတ်ရှာ မတွေ့.. စိတ်လျှော့ အပြန်လမ်းကျမှ တွေ့ အားရ၀မ်းသာဝယ်.. အိမ်ကအာလူးအိုး သတိရ ယောကျာ်းကိုဖုန်းဆက်နှိုး အာလူးအိုးပိတ်ပေးပါ ပလိစ် :P
ပြီးတော့ အိမ်ကိုအမြန်ဆုံးနှုန်းနဲ့ပြေး.. ရောက်မဆိုက် သားသားအတွက် အာလူးထမင်းနယ်လုပ်ပေး ခရမ်းချဉ်သီးပြုတ် အခွံနွှာဆီသတ် ကြက်သွန်ဖြူဆီသတ် အားလူး ထမင်း အားလုံးရောနယ် ဒါပါပဲ
အာလူးက ကာဘိုဟိုက်ဒရိတ်ဆိုတော့များများစားစေချင်တယ်လေ ပုံစံအမျိုးမျိုး လုပ်ပေးရတာပေါ့
ငရုတ်သီးထောင်း ဆီသတ် နယ်ထားတဲ့ငါးခူထည့် ဆီပြန် ရဲယိုရွက် တစ်ခွက်ပြီး
ဆီသတ်ထားတဲ့ငါးခူထဲက ခေါင်းတွေထုတ်ပြီး အိုးတစ်လုံးနဲ့ဖယ် မုန်လာဥလှီးထည့် အရသာထည့် ရေထည့်တည် ဆူတော့ မန်ကျည်းသီးခတ် ဒီတွင်မုန်လာဥချဉ်ရည်ပြီး
ရှစ်နာရီကျော်ချေပြီ ဒန်တန့်တန် ဆယ့်ငါးမိနစ်စံချိန်နဲ့ ရေချိုး ဘေဘီခရင်မ်လေး မျက်နှာပွတ် အကျီလဲ ပိုက်ဆံအိတ်လွယ် ရုံးကိုပြေး.. တက်စီပေါ် လမ်းမှာတင်ပဲ တူးဝေးလေးပုတ်.. ခြေထောက်ကလေး ယာကျိကျိဖြစ်ရင် body butter လေး လိမ်းပေါ့လေ.. ဒါမဲ့ ခုနောက်ပိုင်းအဲ့ဒါ သိပ်မလိမ်းဖြစ် The Body Shop က body butter က အနံ့ပြင်းလို့ တက်စီသမားက ဘာများလဲလို့ စပ်စုစိတ်ဝင်စားတာကို မကြိုက်လို့ ကဲ ဆယ့်ငါးမိနစ်နဲ့ နာရီဝက်အတွင်း ရုံးရောက်ပါသည်
မနက်စာစား အီးမေးလ်စစ် အလုပ်လုပ်ပေါ့လေ.. နေ့လည်ရောက် သူငယ်ချင်းများနှင့် နေ့လည်စာစား (အပျော်ဆုံးအချိန်).. ညနေရောက် ကျားကျားနဲ့ ထွက်လာပြီလား မလာသေးဘူးလား ချိန်း.. အိမ်သို့တူတူပြန်
အိမ်ရောက် ဘ၀ရဲ့အဓိပ္ပာယ်အရှိဆုံးအချိန်လေးပေါ့.. အချစ်ရဆုံးလေးနဲ့ တစ်တီတူးရချိန်
နောက်တစ်နေ့မနက်အတွက်ပြင်ဆင်လို့ .. အစီအစဉ်ပြီး၏