Showing posts with label Diary. Show all posts
Showing posts with label Diary. Show all posts

Saturday, January 16, 2016

RESIGN FEELING



အလုပ်ထွက်စာတင်လိုက်ပြီ
နားချင်တာပဲသိတယ်.. သားအနားနေချင်တာပဲ သိတယ်.. သားကို ကလေးထိန်းသူနာပြု (သူ့အပေါ်အလွန်စိတ်ရှည် အလွန်အပြုစုကောင်းတာပါ) သူစိမ်းနဲ့ပဲ ထားရတာ အားနာလှပြီ.. သားကို ကျောင်းမပို့ခင် အပြင်လောကသင်ယူမှုအတွက် အချိန်များများပေးစရာမလိုသေးခင် မေမေ့ရင်ခွင်ထဲ အပြည့်အဝေနေပါစေဦး.. သူများ ကလေးတွေလို အမေနဲ့တူတူ အိပ်ယာထ.. အမေချက်ကျွေးတာလေးစား.. ဝေရာဝစ္စအကုန် အမေပြုစုပေးတာခံ နေပါစေဦး.. အမေနောက်တကောက်ကောက်လိုက်.. ကလေးအခွင့်အရေး အပြည့်အ၀ ရပါစေဦး
အဲ့ဒီအတွက် မေမေလူပင်ပန်းမှာပါ.. ဒါပေမဲ့ အခုလို သားကိုအိမ်မှာထား အပြင်ထွက်ငွေရှာနေပေမယ့် စိတ်ကအိမ်ကိုပဲရောက်နေတဲ့ စိတ်ပင်ပန်းခြင်း ဒဏ်နဲ့တော့ကင်းပြီ.. သားအပေါ်ငါ တရားရဲ့လား သူ့အတွက် ငွေကြေးထောက်ပံ့မှု သူလိုအပ်ချိန်မျက်နှာမငယ်စေချင်တဲ့ စိတ်နဲ့ ငါရှာဖွေနေတာတွေ သူနားလည်ပါ့မလား တစ်ချိန် ငါ့များအပြစ်တင် သားကလေးအားငယ်စိတ်ဝင်မလားဆိုတဲ့ စိတ်ဖိစီးမှုလျောတော့မယ်..
တိုးလာမှာတွေက - ကိုယ်ပိုင်ဝင်ငွေမရှိတော့ဘူး.. အိမ်ထောင်ကျသော်လည်း အိမ်ထောင်ဘက်အပေါ် ၀န်ထိုးဝန်ပိုးမဖြစ်စေပဲ ကိုယ့်ဝန်ကိုယ်ထမ်းခဲ့တဲ့ ကိုယ်ပိုင်ဝင်ငွေအတွက် လက်မထောင်ခဲ့တဲ့ ရက်တွေရှိလာတော့မှာ မဟုတ်.. ပိုက်ဆံတန်းတူမရှာနိုင်တဲ့ မိန်းမကို အပြစ်တင်ညိုညင်လားမလား မသိနိုင်.. သူ့ဆိုင်နဲ့ကိုယ့်ရုံး နီးနီးနားနား အတူတူပြန်ခွင့်ရနေရာကနေ မိန်းမနဲ့အတူမပြန်ရတော့ လမ်းကြောင်းတွေ ဘယ်ကိုရောက်မယ် မသိနိုင် (ဒါပေမယ့် အဲ့လိုယောကျာ်းမျိုးမဟုတ်မှန်း ရာနှုန်းလွန် ယုံကြည်ရသောသူဖြစ်ပေမယ့်လည်း).. အစစအရာရာ အိမ်အတွက် သားအတွက်တင်မက ကိုယ်တစ်ကိုယ်ရည်အသုံးစရိတ်အတွက်ပါ ချီးအစသေးအဆုံး လက်ဖြန့်ရတော့မယ် (အဲ့ဒီအချက်ကို အထိခိုက်ဆုံးပါပဲ).. ကိုယ့်ရဲ့ပေးဆပ်မှု နိစ္စဓူဝပြုမူနေရမယ့် အိမ်မှုကိစ္စတွေအတွက် အသုံးမလို လူပိုကြီးတစ်ယောက်လိုများ မြင်လားမလား.. မပြောနိုင်ဘူးလေ
ခုထိတော့ ကိုယ့်ဆုံးဖြတ်ချက် မှန်တယ်ထင်နေတုန်းပဲ.. မနေ့ညက သားနဲ့ အိပ်ခါနီး conversation လုပ်ကြည့်တယ်... မေမေနဲ့နေမယ်.. မေမေရုံးမသွားနဲ့ စတဲ့ သားရဲ့ အမေအပေါ်လိုအပ်ချက်တွေ လိုအပ်နေသေးတာတွေ အပြည့်အ၀တွေ့ရတယ်.. တော်ပီ .. ဒုန်းဒုန်းချပလိုက်ပြီ.. ကိုယ်ငွေရှာတာ ခဏရပ်ဦးမယ်



တစ်ခုကအလုပ်ထွက်မယ် အသံကြားတာနဲ့ နောက်တစ်ခုကလှမ်းခေါ်တယ် လစာကောင်းမယ်တဲ့ အိမ်နဲ့လည်းနီး လမ်းလျှောက်သွားရုံသာ.. ဒါပေမယ့် ကိုယ့်စိတ်ကိုယ် အောင်လိုက်နိုင်ပါတယ်.. ကလေးထိန်းလိုက်ဦးမယ် ကျောင်းလေးဘာလေး တက်ဦးမယ်.. ဂျာမန်စာလေးဆက်လုပ် အမ်ဘီအေဖြေကြည့် စတာလေးတွေနဲ့ အိမ်မှာပဲနေဦးမယ်လို့ ငြင်းပလိုက်နိုင်ပါတယ်
ဝမ်းသာပါတော့ ကလေးရေ.. မင်းအတွက် မေမေ့အတ္တတွေ အချိန်မရွေးချနင်းလို့ မင်းလိုအပ်မယ်ထင်တဲ့ ပုံစံမျိုးနဲ့ အမြဲရှိနေပေးခွင့် ရချင်တယ်

Thursday, December 31, 2015

ယောကျာ်း ယောကျာ်း ယောကျာ်း


မနေ့က သူ အစာအိမ်အောင့်ပြန်တယ်.. ဗိုက်ဆာနေတာကို ရေလေး အချို၇ည်လေး အရင်မသောက်ပဲ.. ပုစွန်သုပ် အစပ်တွေနဲ့ ထမင်းစားပြစ်တယ်.. ထုံးစံအတိုင်း သူထမင်းစားတာက မြန်တော့ ပိုဆိုးပေါ့.. ဗိုက်အောင့်ချင်ချင်ဖြစ်နေရာကနေ အောင့်ပါလေရော.. အိမ်ရောက်တော့လည်း မဲ့ရှုံလို့ မျက်နှာက..
သွေးပါတိုးလာသေးလို့ သွေးကျဆေးတစ်လုံးသောက်.. သူ့မလည်း တစ်ခုခုဆိုသွးတိုးကြောင့်လားဆိုတဲ့ psycho က တစ်မျိုး.. ဒါ့အပြင် မနက်က မိန်းမချက်ကျွေးတဲ့ဟင်းက ငန်လို့ဆိုပြီး စေတနာကိုစော်ကားစွပ်စွဲလိုက်သေး.. (၀မ်းနည်းတယ်).. ကိုယ့်မှာရှိတဲ့ သားနားနေချိန်လေးကနေ ဖဲ့ပြီး မနက်စောစောမထချင်ပဲထ ချက်ကျွေးရတာ သူပိန်နေတာကြီး မကြည့်ရက်လို့.. အပြင်စာတွေပဲစားနေရတာ ကင်ဆာလိုမျိုး ရောဂါကြီးတွေ ၀င်လာမှာစိုးလို့... ကိုယ်မှမချက်ခဲ့ရင် သူဆိုင်မသွားခင် သားအတွက် လုပ်ပေးနေရမစိုးလို့... ဒါတွေ သူနားမလည် .. တစ်ခုခုအဆင်မပြေရင် ဒီမိန်းမဟင်းချက်တာကိုပဲ မယုံမကြည် စိတ်မချ စွပ်စွဲချင်တော့တာ.. စေတနာနဲ့မတန်သော ယောကျာ်း
သွေးကတော့ကျသွား ဗိုက်အောင့်ကမသက်သာ အာ့နဲ့ပဲ ဆေးခန်းပြေးရလေသတည်းပေါ့.. အရင်တာမွေမှာနေတုန်းက သျှင်ပါဂူသည် ဖောက်သည်.. ခု စမ်းချောင်းရောက်လာတော့ အာရှတော်ဝင်နဲ့ မနေ့က မိတ်ဆက်ဖြစ်ကြသည်...
ပင်ပန်းတယ်.. ကိုယ့်မှာ ကျန်းမာသောခန္ဓာကိုယ် သင့်တင့်သောပညာအရည်အချင်း နဲ့ သူများထက်မသာတောင် မလျော့သော အိမ်ေ်ထာင်ဘက်ဖြစ်ခဲ့ပါလျက်.. ကိုယ့်ကျမှ ဘာလို့ မကျန်းမာတဲ့အိမ်ထောင်ဘက် ပင်ပန်းစွာရုန်းကန်နေရသော အိမ်ထောင်ဘက်ပဲ ရခဲ့ပါလိမ့်
အဲ့လိုပြောရအောင် သူလည်းကောင်းခဲ့ အဆင်ပြေခဲ့ ကိုယ့်အပေါ်အနွံတာခံခဲ့ပါတယ်
ဒါပေမယ့် ဒီအချိန်မှာတော့ ဒါတွေထက် ဘာလို့မကျန်းမာတဲ့သူဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပဲ အထပ်ထပ်အခါခါ ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး ကိုယ့်စိတ်ကိုယ်ပဲနှိပ်စက်နေမိတော့တယ်..
သူ မကျန်းမာလို့ ငါ့အပေါ် အားနာစိတ်ရောဖြစ်မိရဲ့လား.. ငါကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်မယ်ဆိုတဲ့ စိတ်ကူးမျိုးရော ရှိရဲ့လား.. အဲ့လိုဆိုပြောမှာပေါ့ မတည့်ဘူးဆိုတဲ့ဟာတွေ ဘာမှမစားပဲ နေတယ်လေဆိုတာမျိုး.. မစားတော့ဘာဖြစ် အာဟာရမရရုံပေါ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးလေး သင့်တင့်မျှတအောင်တော့ စားဦးမှပေါ့.. မိန်းမမို့လို့ ဒီလိုစီစဉ်ပေး ဒီလိုပြောပြရင် မဟုတ်ဘူးချည်းထင်တော့တာ.. ဘယ်ဘ၀က ငါ့ဝဋ်ကြွေးလဲ
ကိုယ့်အတွက် ဘာမှအကျိုးမပြုသော ကိုယ့်ပတ်ဝန်းကျင့်လည်း အနှောင့်ယှက်ဖြစ်စေသော ကွမ်းယာကျတော့ စားပြပါလိမ့်မယ် အဆက်မပြတ်
အဲ့လောက် အသက်ကြီးပါလျက် အသိခေါက်ခက် အ၀င်နက်နေမှတော့ .. ကိုယ့်ကိုနှိပ်စက်ဖို့သပ်သပ် သူလူဖြစ်လာတယ်လို့ပဲ သတ်မှတ်ချင်တော့တယ်...
ကိုယ်မကျန်းမာတာ ကိုယ်နေမကောင်းတာ ကိုယ့်ဘာသာကိုယ် ခံစားရတယ်မထင်နဲ့... ဘေးကလူမှာလည်း လူရောစိတ်ပါ ပင်ပန်းရတယ်.. ကိုယ့်ဝန်ကိုယ်မထမ်းနိုင်လို့ သူများက ကူထမ်းရတဲ့ဘ၀ကို သဘောကျနေတတ်တဲ့ လူမျိုးဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ